Posts

Showing posts from 2010

ငါ နဲ့ ငါ

Image
လူတိုင်းက ကိုယ့်ကိုကိုယ် အမှန်လို့ ထင်နေချိန်မှာ ငါက. . . . . . . . . . . . နံရံတွေနဲ့ စကားပြောလို့ ကောင်းနေတုန်း ဆွဲချင်ရာ ဆွဲလို့ ပါလာတဲ့ " အစ " က " စိတ္တဇ " တစ်ဖက် " လက် " တစ်ဖက် အရိုးမှ မပါတော့လဲ အရိုးထိအောင် ဘယ်နာတတ်မလဲ တကြော်ကြော် အော်တဲ့ ဈေးသည်တောင် လက်တွန့်ရ လောက်အောင် ငါကမ္ဘာက . . . . . " လျှာ " ထူခဲ့တာ အရိုးဟင်းကို မြိန်ရေ ယှက်ရေ စားသုံးဘို့ ဆိုတာလဲ " ဆား " က မပါတော့ ခက်တယ် ..။ " ယဉ်ကျေးမှုဆိုတာ " . . . . . . ရုပ်လုံးမပေါ်တဲ့ အမူယာတစ်ခုရဲ့ သတ်မှတ်ပြရုပ် တစ်ခု . . . . . . ဒါကို. . . . အရိုးပေါ် အရေတင်ပြီး ငါတို့က ကိုးကွယ်နေလိုက်ကြရတာ.. ။ ဘယ်မှာ လဲ. . . . . လူသားတွေ အတွက် " အာသာဆန္ဒ " . . . . ? တစ်ချိန်ချိန်မှာ ဖြိုဖျက်ခွင့် ရမယ်ဆိုရင် မျှော်စင်ထိပ်မှာ ရပ်ပြီး ငါ့ "နာမ် " ဓါတ် ကို ငါ အရင်ဆုံး ဖြိုမယ်....။

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

" အားးးး ကြောက်ပါပြီ ဖေကြီးရယ် မလုပ်ပါ နဲ့တော့ သားနာတယ် နောက် မလုပ်တော့ပါဘူး" ကျနော် ဘယ်လိုပဲအော်နေပါ စေ အဖေက တော့ လက်ထဲက တုတ်ကို တစ်ချက်မှ မလျှော့ခဲ့ပါ ၊ နောက်ထပ်လဲ အကြိမ်ပေါင်းများစွာ ကျနော်ကိုယ်ပေါ် ကျရောက်လာပြန်ပါသည် ။ " အားး မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သားမလုပ်တော့ပါဘူး ညီမလေး မုန့်ကို နောက်မစားတော့ပါဘူး .. အီးး ဟီးး .. ... မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သား နာတယ် " ကျနော့် ရဲ့ ငိုယို တောင်းပန်မှုတွေက အဖေရဲ့ ဒေါသတွေ ကို ပြေပြောက်နိုင်စွမ်း မရှိပါ ။ အဖေ ကျနော်ကို အတော် ဒေါသထွက်နေတယ် ၊ အဖေ ဒေါသထွက်တိုင်းလဲ ကျနော်မှာ အသဲခိုက်အောင် နာကျင်လှတယ် ၊ အဖေ ဒီလိုရိုက်ပုတ်တိုင်း ကျနော် အမေ ကို အားကိုးမိတာ အမှန်ပါ ဒါပေမဲ့ ခုချိန်မှာ တော့ အမေ့ကို ကျနော် အားကိုးတကြီး လှမ်းမကြည့်တော့တာ ကြာပါပြီ ၊ လွန်ခဲ့တဲ့ 2 နှစ်လောက်ကတော့ အဖေ ရိုက်တဲ့ အခါတိုင်း အမေကို အားကိုး ငိုယိုပြီး တိုင်းတောတာတို့ အားကိုးတကြီး တောင်းပန်တာတို့ လုပ်ခဲ့ဘူးပါတယ် ၊ ဒါပေမဲ့ အမေ ကျနော်ကို ကာကွယ်မှု့ တစ်စုံ တရာ မလုပ်ခဲ့ပါဘူး ၊ သည့်အပြင် နင့် အဖေ မကြိုက်တာ သွားလုပ်တယ် ဆိုပြီတော့တောင် ထပ်ကာ ထပ်ကာ အကြိမ်ကြိမ် ရိုက်ခံခဲ့ရပြန်

"မိုးရေ နဲ့ ကျနော်"

မိုးရာသီကို ကျနော် မနှစ်သက်ဘူး..သို့ပေမဲ့ ကျနော်နဲ့မိုးရေနဲ့ကတော့ ငယ်သူငယ်ချင်းတွေပါ. ကျနော်ချစ်တဲ့ဆောင်းရာသီ ရောက်နေတဲ့ အချိန်တွေ ဆို မိုးရေတွေ ကျနော် တမ်းတမိတယ် ၊ စိတ်တွေ ရှုပ်နေတဲ့ အခါတိုင်း တစ်ခုခု အဆင်မပြေ ဖြစ်တဲ့အခါတိုင်း မိုးရေတွေကို ကြည့်ပြီးလွမ်ဆွတ်နေတတ်မိတယ် ၊ အဆုတ်အားနဲ တဲ့ ကျနော်ဟာ မိုတွင်းဆို မကြာခဏ ဖျားနာတတ်ပေမဲ့ မိုးရေတွေ ထဲ လျှောက်ရတာ အရသာတွေ့နေတုန်းပါပဲ ၊ မိုးစက်တွေ တပေါက်ပေါက်ကျဆင်းနေတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်ရတာ ကျနော်အတွက်တော့ အပူကင်းတဲ့ ထမင်းဖြူတစ်လုပ်ထင်သည်၊ အများအားဖြင့် သတ္တ၀ါတိုင်း မိုးရေကို ကာကွယ်နေချိန်မှာ ကျနော်ကတော့ ကျနော်ရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်ပေါ်ကို တစက်စက် နဲ့ လိမ့်ဆင်းစေခဲ့တယ် ၊ မိုးရွာထဲ လမ်းလျှောက်ရတာ ပျော်လို့လား မေးရင် မပျော်ဘူးလို့ ပဲ ကျနော်ဖြေမိမယ်.. ဟုတ်ပါတယ် ကျနော်တကယ်လဲ မပျော်ပါဘူး ၊ လူမှန်းသိတတ်စ အရွယ်ကထဲ က လျှောက်ခဲ့တာရယ် မိုးရွာရင် မိုးရေ စက်တွေ မကြည့်ပဲ မနေနိုင်တာရယ်ကြောင့် ကျနော် မိုးရေကို ခင်တွယ်ခဲ့မိတယ် ၊ ဒါပေမဲ့ မိုးရေးကတော့ ကျနော်အပေါ် တစ်ခါမှ မကောင်းခဲ့ဘူးထင်တယ် ငယ်ငယ်က.. .. .. ကျောင်းက အပြန် မိုးရွာတော့ မိုးရေ မြင်ရင် မနေနိုင

မေမေ

"မေမေ" လောကမှာ အသက်ရှိကြတဲ့ သတ္တ၀ါ တိုင်း မွေးမိခင်ဆိုတာတော့ ရှိကြပါတယ်... တစ်ချို့ မွေးရာပါ ခွဲခွာခဲ့ကြသလို တစ်ချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ခွဲနေကြရတယ်.. တစ်ချို့ကြတော့လဲ မခွဲ မခွာနေကြရတယ်.. လူဆိုတာ လက်ရှိ ဘ၀ ကိုအားမရကြတာ သဘ၀လိုပဲထင်မိတယ်.. ကျနော်လဲ အဲဒီ အထဲက တစ်ယောက်ပဲပေါ့.. အသက် 10 နှစ်သားလောက်ကထဲ မွေးမိခင်ရဲ့ ရင်ခွင်နဲ့ ဝေးခဲ့ရတဲ့ ကျနော်ဟာ ခု အသက် 21 ရှိတဲ့ အထိ 11 နှစ် လောက် ကို မေမေ နဲ့ တပတ်ပြည့်အောင် မနေခဲ့ဘူးတာ ၀န်ခံရလိမ်မယ် .. မေမေ နဲ့တွေ့တိုင်း မေမေ က သားရယ် မေမေ နဲ့ တူတူ အိပ်ပါလားလို့ အမြဲတမ်းပြောခဲ့တယ် .. ဒီလိုပြောတိုင်းလဲ ဖေဖေက သားက ကလေးမှ မဟုတ်တာ ကွာ တဲ့ .. မေမေ က အို သားက ကလေးပဲ ရှိသေးတာပါလို့ လဲ အမြဲတမ်းပြန်ပြန်ပြောခဲ့တယ် .ဒီလိုပြောပေမဲ့ ကျနော် တစ်ခါ မှ မအိပ်ခဲ့ပါဘူး.. မေမေ ဆီပြန်ရင် အိပ်နေကြ အဘိုး ရဲ့ နားမှာ ပဲ သွားအိပ်ခဲ့မိတယ်.. ညဘက်ဆို ရှေ့မှီ နောက်မှီ အသက် 80 ကျော် အဘိုးက ပြောပြောပြတာတွေ သဘောကျတာကြောင့် အိပ်ခဲ့မိတာလဲဖြစ်မယ် ထင်တယ်.. ဘယ်လိုပဲဖြစ်စေ မေမေ ရင်ခွင်မှာ ကျနော် မအိပ်ခဲ့မိတာတော့ သေချာခဲ့ပါတယ်... မနက် ရောက်ရင် မေမေက မျက်နှာစူစူလေး နဲ့ သားက လဲ

"တစ်ခါ တစ်ရံ "

Image
"တစ်ခါ တစ်ရံ " တစ်ခါ တစ်ရံ..... လောကကြီးက အမှောင်ချတယ် တစ်ခါ တစ်ရံ..... သတ်ပုံမှားတဲ့ညတွေ ကခုန်ကြတယ် တစ်ခါ တစ်ရံ..... ကြိမ်စာတို့ ခြေချင်းယှက်ကြတယ် တစ်ခါ တစ်ရံ..... လောဘစိတ်တို့ တောင်တက်ကြတယ် တစ်ခါ တစ်ရံ..... အမှောင်ညတို့ အလင်းရောင် စားသုံးကြတယ် တစ်ခါ တစ်ရံ..... အိမ်မက်က အော်တယ် အန္ဓဆိုတာ အမှန်တရားတဲ့ တစ်ခါ တစ်ရံ..... အနတ္တက နတ္တ ယောင်ဆောင်တယ် တစ်ခါ တစ်ရံ..... အနိစ္စက နိစ္စလိုလို ရိုးမယ်ဖွဲ့တယ် တစ်ခါ တစ်ရံ..... ဒုက္ခကို သုခ အမှတ်နဲ့ သောက်သုံးကြတယ် တစ်ခါ တစ်ရံ..... ဓမ္မကို အဓမ္မက အနိုင်ယူတယ် တစ်ခါ တစ်ရံ..... ၀ါဒ အချင်းချင်း တိုက်ခိုက်ကြတယ် တစ်ခါ တစ်ရံ..... မာန အချင်းချင်း ယှဉ်ပြိုင်ကြတယ် တစ်ခါ တစ်ရံ..... အတ္တတွေ ကိုယ်စီ အရောင်တင်ကြတယ် တစ်ခါ တစ်ရံ..... အနာဂါတ်တွေ မီးပြတ်ကြတယ် တစ်ခါ တစ်ရံ..... အတိတ်တွေ ရေဆာကြတယ် တစ်ခါ တစ်ရံ..... ပစ္စုပ္ပန်ဆိုတာ ဘာလဲ တဲ့ တစ်ခါ တစ်ရံ.... ကဗျာဆရာက သူကိုယ်သူ မာန်ထောင်ပြတယ် တစ်ခါ တစ်ရံ..... ကောင်းကင်က မြေပြင်နဲ့ မိတ်ဆက်ပြတယ် တစ်ခါ တစ်ရံ..... ငါဟာ ၀ိညာဉ်တွေရဲ့ ခေါ်ဆောင်လိုက်ပါရမယ် တစ်ခါ တစ်ရံ..... ကမ္ဘာကြီးလဲ ပြာကြရမယ် တစ်ခါ တစ်ရံ..... သူတိုလဲ.....

တိမ်တွေ ရွာတတ်တဲ့ မိုး

Image
ညတွေက အာရုံဦးကို တွန်သံပေးပြီး ကြိုဆိုကြတယ်.. ငါကတော့…. ခြူသံ တစ်ချက်နဲ့ လောကဓံကို စုံမှိတ်ပြစ်လိုက်တာ အနောက်နေတောင် ဆောက်တည်ရာမရ ပြုတ်ကြခဲ့ရပြီ…။ ခက်တယ်… ငါကလည်း… ကြယ်တွေ ထွန်ယက်တဲ့ ကောင်းကင်မှာမှ ခြေရာတွေ အထပ်ထပ်မှားခဲ့မိတာ ခုတော့ လဲ….. တောင် နဲ့ မြောက်ကို ကပြောင်းကပြန် တွေးလို့ လေ နှင်ရာ လွင့်ပါခဲ့ရပြီပေါ့………၊ ရှိစေတော့………….. ရှိစေတော့…………….. အသွေးနဲ့ ကိုယ် ………. အသားနဲ့ ကိုယ် ……….. အချိုတော့ တည်းအုံးမှာပေါ့…၊ ကောင်မလေး….ရေ….. ရေ နှစ်ခါ ချိုးလို့ မရတဲ့ မြစ်မှာ ဘာလို့များ… ငါးမျှားချင်ရတာလဲ… သူ ဟာ သူ လွတ်လွတ်လပ်လပ် ပျံသန်းကြပါစေလား ကွာ..၊ အနာဂါတ်ဆိုတာ …. ခြေရာ ချန်တတ်တဲ့ သတ္တ၀ါမှ မဟုတ်တာ ကောက်ကြောင်းတွေနောက် လိုက်နေမှတော့ ညနေစာ ငပ်ကြရုံ ရှိတောမှာ……………. ပေါ့…။

နှစ်သစ် ဧပရယ်..

Image
ဧပရယ် ရဲ့ ပိတောက်ဖူးရယ် သိမ်မွှေ့လွန်းလှပါရဲ့ ကြေနပ်လောက်အောင် ခ၀ါချပြီးခါမှ သွေးနီတွေ ကြဲသွားရတယ်လို့ မိုးချိန်းသံတောင် မဆုံးလိုက်ဘူး ကမ္ဘာကြီးလဲ မြေခသွားတယ်..။ ။

မြုပ်နှံ့ထားသော အနာဂါတ်အမှား

အို... လမ်းပေါ်မှာ ကြယ်များ ၀ပ်တွားက ခယနေကြပါ၏။ ဘယ်သူသယ်ဆောင် လာမှန်းမသိသော မိုးတစ်ချို့ မခိုတရို့ နဲ့ လောကဓံကို လှောင်နေလေ ရဲ့ ၊ ဘာရယ် မဟုတ်ပဲ လျှောက်နေတဲ့ လားတစ်ကောင်တောင် ကန္တာရ အပြင်မှာ တာရာတွေ စုံနေပြီ ၊ ဖိတ်ခေါ်မှု့တွေ စုံမှိတ်ပြီး မီးလျှံကြားမှာ ကခုန်လိုက်ရမလား... မကောင်းပြန်ဘူး အနေတဲ့ ငါအနာဂါတ်... ဘယ်ပြစ်မှတ်မှာ ရပ်ရမှာလဲ ... ဝေးကွာဖို့ဆိုတာ နီးစပ်ခဲ့ကြတာမှ မဟုတ်ပဲကွယ်... တုတ်ကောက်ကိုဆွဲပြီး ကြေကွဲနေရအုံးမယ် ဆိုရင် တောင်စွယ်မှာလဲ နေကွယ်ပြီးပေါ့..။ မြူးတူးကြပါ အမှောင်တို့ရဲ့ သခင်.. ကွေးကွင်းခြင်းရဲ့ ခြားနားမှုမှာ တစုံတရာများ မှားခဲ့ရင် ငါအား .... အမှောင်တိုက်သွင်း ချွတ်ယွင်းနေတဲ့ ငါနှလုံးသားကို ယဇ်လိုက ယဇ် ပြစ်လိုက ပြစ် တစ်နေ့မှာ ... ဟန်ဆောင်မှုတွေလှဲချ အနောက်တံခါးဝမှာ မြုပ်နှံကြပါလော့....။ ။

သို့

ချစ်သူ ဝေးနေလို့ ငါမဆွေးချင်ပါဘူး ဒါပေမဲ့ လွမ်နေရတာတော့ ခက်တယ် လွမ်းရလွန်းအားကြီးလို့ ထင်ပါရဲ့ ဒီရင်ဘတ်ကြီး ကတောင် လက်မခံချင်တော့တဲ့ ပုံနဲ့ ချစ်သူရေ.. အမှန်းတိုင်းဝန်ခံရရင် ငါဟာ... တကယ်တော့ မင်းကိုချစ်နေတာမဟုတ်ပါ ဘူး ကြင်နာမှု ဖေးမမှု ယုယမှု နားလည်မှု့ ဂရုစိုက်မှုတွေနဲ့ အတူ မင်းဘေးမှာ အဖေါ်အဖြစ် မြတ်နိုးနေခြင်တာပါ ငါ့ အနာဂါတ်တွေ ဆုံးသည့်တိုင်အောင်ပေါ့ ကျေးဇူးတင်ပါတယ် ချစ်သူ.. မင်းရဲ့ နွေးထွေးတဲ့ တုန်ပြန်မှု့တွေ ကြောင့် အစပြန်ရှာမရတဲ့ ငါအနာဂါတ် တစ်စုံကို ပြန်လည်၇ှာတွေ ခဲ့ တယ်လေ ငါဘယ်လိုပဲ ဖြစ်နေပါ စေ မနက်ဖြန်တိုင်းမှာ မင်းပျော်ရွှင်မယ်ဆို ငါ ကျေနပ်နေမှာပါ....။

တိမ်ကောတော့မဲ့ တိမ်ပေါ်က အနာဂါတ် တချို့

မေမေ သူ့ ကျွန်အောက်က လွတ်မြောက်ဘို့ သူထုတ်ဆောင်ခဲ့တယ်...၊ ဒါပေမယ့် မလွတ်မြောက်ခဲ့ပါဘူး၊ နံရံကပ်ပြက္ခဒိန်ပေါ်မှာသာ တစ်နေရာစာ ယူနိုင်ခဲ့တဲ့ အဲ့ဒီနေ့ကို ဘယ်သူတွေ အသိမှတ်ပြုကြမှာလဲ၊ ပုစ္ဆာတစ်ပုဒ်ဟာ အဖြေမှန်နေပါလျှက် အမှန်ခြစ်မှ မပေးတာ အဖြေမှန်ပြီ ဆိုပြီးငြိမ်နေရမှာလား. ကဲပြောပါ ...၊ ခက်တယ်............ ဆေးဆရာပါလို့ တကြော်ကြော်အော်ပြီး အမည်ခံနေသူတွေကလည်း ဝေဒနာကို အဖြေရှာဘို့မကြိုးစားကြပဲ ဆေးပေးခ ဘယ်လောက်ရမလဲ ဆိုတာလောက်ပဲ တွက်နေကြလေရဲ့ ၊ ဒီကြားထဲ နွားအိုလဲ မနေရ ပေါင်းကျိုးတယ်ဆိုပြီး နွားသတ်ရုံပို့နေလို့နေလို့ အရိုးတွေတောင် တောင်ပုံတော့မယ် မေမေ...။