မေမေ

"မေမေ"
လောကမှာ အသက်ရှိကြတဲ့ သတ္တ၀ါ တိုင်း မွေးမိခင်ဆိုတာတော့ ရှိကြပါတယ်... တစ်ချို့ မွေးရာပါ ခွဲခွာခဲ့ကြသလို တစ်ချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ခွဲနေကြရတယ်.. တစ်ချို့ကြတော့လဲ မခွဲ မခွာနေကြရတယ်.. လူဆိုတာ လက်ရှိ ဘ၀ ကိုအားမရကြတာ သဘ၀လိုပဲထင်မိတယ်.. ကျနော်လဲ အဲဒီ အထဲက တစ်ယောက်ပဲပေါ့.. အသက် 10 နှစ်သားလောက်ကထဲ မွေးမိခင်ရဲ့ ရင်ခွင်နဲ့ ဝေးခဲ့ရတဲ့ ကျနော်ဟာ ခု အသက် 21 ရှိတဲ့ အထိ 11 နှစ် လောက် ကို မေမေ နဲ့ တပတ်ပြည့်အောင် မနေခဲ့ဘူးတာ ၀န်ခံရလိမ်မယ် .. မေမေ နဲ့တွေ့တိုင်း မေမေ က သားရယ် မေမေ နဲ့ တူတူ အိပ်ပါလားလို့ အမြဲတမ်းပြောခဲ့တယ် .. ဒီလိုပြောတိုင်းလဲ ဖေဖေက သားက ကလေးမှ မဟုတ်တာ ကွာ တဲ့ .. မေမေ က အို သားက ကလေးပဲ ရှိသေးတာပါလို့ လဲ အမြဲတမ်းပြန်ပြန်ပြောခဲ့တယ် .ဒီလိုပြောပေမဲ့ ကျနော် တစ်ခါ မှ မအိပ်ခဲ့ပါဘူး.. မေမေ ဆီပြန်ရင် အိပ်နေကြ အဘိုး ရဲ့ နားမှာ ပဲ သွားအိပ်ခဲ့မိတယ်.. ညဘက်ဆို ရှေ့မှီ နောက်မှီ အသက် 80 ကျော် အဘိုးက ပြောပြောပြတာတွေ သဘောကျတာကြောင့် အိပ်ခဲ့မိတာလဲဖြစ်မယ် ထင်တယ်.. ဘယ်လိုပဲဖြစ်စေ မေမေ ရင်ခွင်မှာ ကျနော် မအိပ်ခဲ့မိတာတော့ သေချာခဲ့ပါတယ်... မနက် ရောက်ရင် မေမေက မျက်နှာစူစူလေး နဲ့ သားက လဲ ညက မေမေ နဲ့ လာအိပ်တာ မဟုတ်ဘူး တဲ့ .. ကျနော် တကယ်စိတ်မကောင်းပါဘူး.. အမှန်တော့ ကျနော် မေမ နဲ့ အတူတူ ၇င်ခွင်ထဲမှာ မှီပြီး အိပ်ချင်ပါတယ်..ဒါပေမဲ့ ကျနော် ရှက်တတ်နေပြီ ( ဗိုလ်ချုပ် ပြောသလို တလွဲ ဆံပင်ကောင်းလို့ ပဲပြောရမယ် ထင်တယ် ) အရွယ်လေးရောက်နေပြီ ဖြစ်တဲ့ကျနော် မေမေ နဲ့ အိပ်ရမှာ ရှက်နေသလိုလို ဖြစ်နေခဲ့တာပါ .. တစ်ယောက်ထဲ အိပ်တာ အသားကြနေသလို လဲဖြစ်နေတော့ မအိပ်ရဲတော့တာ ပါ ... ဒါတွေ ဟာ တကယ်တော့ ကျနော် ရဲဆင်ခြေတွေများ ဖြစ်နေမလားပဲ .. မေမေ နဲ့ အိပ်ရမှာ ရှက်နေသလိုလို ဖြစ်တာ ကျနော် ရဲ့ အကြီးမားဆုံးသော အမှားယွင်းများ ဖြစ်နေမလား.. ? မေမေအိမ်ကနေ ကျနော် ပြန်ရင်လဲ မြင်ကွင်းတဆုံးထိ ပျောက်ကွယ်သွားမှ မေမေ လှည့်ပြန်တတ်တယ်..။ နှလုံးရောဂါ အခံကြောင့် မေမေ ဟာ ၀မ်းနည်းလွယ်တာလဲ အလွန်အကျွံပါပဲ .. ၀မ်းနည်းစရာ တစ်ခုရှိရင် ကြိတ်ပြီး ရက်တော်တော်ကြာကြာ ၀မ်းနည်းနေတတ်တယ်. ဒါဟာ မေမေ ရောဂါ နဲ့ စိုးရိမ်းစရာ တစ်ခု အဖြစ် ကျနော် သေသေချာချာ အချိန်ပေးပြီး မစဉ်းစား မတွေးတော ခဲ့မိဘူး..တကယ်တော့ 10 ကျော်ကျော် ခွဲခွာနေရတဲ့ သားအမိတွေရဲ့ ဆက်ဆံမှု့ဟာ သာမန်ထက် အဆပေါင်များစွားပိုနေသင့်တယ်လို ထင်မိတယ်.. ဒါပေမဲ့ ကျနော် မေမေကို တွေရင် သာမန်မိသားစုတွေ တွေ့နေကြ အတိုင်းထက် မပိုခဲ့ပါဘူး. ၊ မေမေ မျက်လုံးထဲမှာတော့ ကျနော်အပေါ် မျှော်လင့်ချက်တွေ တစ်ပုံကြီးဆိုတာ ကျနော် ရိပ်မိပါတယ် မေမေ က သူကို ထမင်းတလုပ်ကျွေးဘို့ကို မမျှော်လင့်ပါဘူး ကျနော်ရဲ့ တယုတယ ပြုစုမှုကိုပဲ တောင်းတနေခဲ့တာပါ ... ဒါတွေသိသိ နဲ့ ကျောခိုင်းထားတာ လား မသိချင်ယောင်ပဲ ဆောင်နေခဲ့တာလားဆိုတာ ကိုယ် ကိုကိုယ် နားမလည်နိုင်အောင်ပါပဲ.... အခု လဲ မေမေ ဆီက သတင်းတစ်ခုကြားရတယ် မေမေ သေခါနီးဆဲဆဲ ဖြစ်ခဲ့တယ်တဲ့ ဖေဖေ ကတောင် မေမေကို ကုလို့မ၇တော့ဘူးလို့ ထင်နေခဲ့တယ်တဲ့ ကျနော် ရုတ်တရက်ကြောင်သွားမိတယ် .. မေမေကိုများဆုံးရှုံးလိုက်ရင် ဆိုတဲ့ အတွေး ၀င်လာမိတယ် .. သားသမီး တွေ စိတ်ပူနေမှာစိုးလို့ အကြောင်းမကြားခဲ့တာတဲ့ တကယ်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ် ကိုယ့်ကိုကိုယ်လဲ ၀မ်းနည်းမဆုံးဖြစ်ခဲ့မိတယ် .. မေမေ ကို ဖုန်းဆက်မေးတော့ မေမေက သားရယ် ကောင်းနေပါပြီ တဲ့ စိတ်မပူပါနဲ့တဲ့ သားဘာလိုလို့လဲတဲ့ ပိုက်ဆံရော လိုသေးလားတဲ့ .. ပြောမပြနိုင်လောက်အောင် ၀မ်းနည်းခဲ့ရတယ်.. နွေးထွေးတဲ့ မေမေ မေတ္တာကို ကျနော် မခံယူရဲလောက်အောင်လဲ ရှက်ခဲ့ရမိတယ်.. ကျနော် ကိုယ်ကိုကိုယ် အမှားမလုပ်မိအောင် အရမ်းဆင်ခြင်မိတယ် ။။ဒါပေမဲ့ကျနော် မှားခဲ့ပြီ မေမေ မေတ္တာကို ကျောခိုင်းသလို ဖြစ်ခဲ့ရတယ် .. အဲ့အတွက်လဲ ကိုယ်ကိုကိုယ် ယူကျုံးမရခဲ့ပါဘူး.. ။

မိဘ ရဲ့ အနှိုင်းမဲ့မေတ္တာကို နားလည်နိုင်ကြပါစေ..။

Comments

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

ဘ၀လက်မဲ့ ( 4 )