"မိုးရေ နဲ့ ကျနော်"

မိုးရာသီကို ကျနော် မနှစ်သက်ဘူး..သို့ပေမဲ့ ကျနော်နဲ့မိုးရေနဲ့ကတော့ ငယ်သူငယ်ချင်းတွေပါ. ကျနော်ချစ်တဲ့ဆောင်းရာသီ ရောက်နေတဲ့ အချိန်တွေ ဆို မိုးရေတွေ ကျနော် တမ်းတမိတယ် ၊ စိတ်တွေ ရှုပ်နေတဲ့ အခါတိုင်း တစ်ခုခု အဆင်မပြေ ဖြစ်တဲ့အခါတိုင်း မိုးရေတွေကို ကြည့်ပြီးလွမ်ဆွတ်နေတတ်မိတယ် ၊ အဆုတ်အားနဲ တဲ့ ကျနော်ဟာ မိုတွင်းဆို မကြာခဏ ဖျားနာတတ်ပေမဲ့ မိုးရေတွေ ထဲ လျှောက်ရတာ အရသာတွေ့နေတုန်းပါပဲ ၊ မိုးစက်တွေ တပေါက်ပေါက်ကျဆင်းနေတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်ရတာ ကျနော်အတွက်တော့ အပူကင်းတဲ့ ထမင်းဖြူတစ်လုပ်ထင်သည်၊ အများအားဖြင့် သတ္တ၀ါတိုင်း မိုးရေကို ကာကွယ်နေချိန်မှာ ကျနော်ကတော့ ကျနော်ရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်ပေါ်ကို တစက်စက် နဲ့ လိမ့်ဆင်းစေခဲ့တယ် ၊ မိုးရွာထဲ လမ်းလျှောက်ရတာ ပျော်လို့လား မေးရင် မပျော်ဘူးလို့ ပဲ ကျနော်ဖြေမိမယ်.. ဟုတ်ပါတယ် ကျနော်တကယ်လဲ မပျော်ပါဘူး ၊ လူမှန်းသိတတ်စ အရွယ်ကထဲ က လျှောက်ခဲ့တာရယ် မိုးရွာရင် မိုးရေ စက်တွေ မကြည့်ပဲ မနေနိုင်တာရယ်ကြောင့် ကျနော် မိုးရေကို ခင်တွယ်ခဲ့မိတယ် ၊ ဒါပေမဲ့ မိုးရေးကတော့ ကျနော်အပေါ် တစ်ခါမှ မကောင်းခဲ့ဘူးထင်တယ် ငယ်ငယ်က.. .. .. ကျောင်းက အပြန် မိုးရွာတော့ မိုးရေ မြင်ရင် မနေနိုင်တဲ့ ကျနော် ထီးပါရက်နဲ့ မိုးရေးထဲလျှောက်ခဲ့တယ် သူငယ်ချင်းတွေ က စာအုပ်တွေ စိုမှာစိုးလို့ ပြောနေတဲ့ကြားကကို ကျနော်မိုးရေးထဲ အတင်းလျှောက်ခဲ့တာ ကျေနပ်မှုတွေလဲ အပြည့်နဲ့ပေါ့ ...ကျနော် ကျေနပ်မှုတွေ ကြာရှည် မခံလိုက်ပါဘူး အိမ်ရောက်တော့ မေမေက ထီးပါရက်နဲ့ မိုးရွာထဲ ပြန်လာတဲ့ တစ်မှု့ရယ် စာအုပ်တွေ ရေစိုကုန်တဲ့ တစ်မှုရယ် ပေါ့ပေါ့ ဆဆနေလို့ မိဘကိုစိတ်ပူအောင်လုပ်တဲ့ တစ်မှု့ရယ်နဲ့ ကျနော်မေမေ လက်ထဲက ကြိမ်လုံးအောက် သက်ဆင်းခဲ့ရတယ်.. ဒါကလည်း တစ်ကြိမ်တစ်ခါရယ် မဟုတ်ခဲ့ပါဘူး အကြိမ်ကြိမ် အခါအခါ လုပ်တတ်ခဲ့တဲ့ကျနော့် အကျင့်လေ ၊ မေမေ ခမျာတော့ ကျနော် 5 တန်းလောက်ထိကို ကျနော် ကိုစိတ်ပူရတာ မလွတ်သေးပါဘူး စာအုပ်တွေ အမြန်ခြောက်အောင် မီးပူတိုက်ရတာ မေမေ မှာ အမောပါ ၊ ကျနော်က လည်း ကျနော်လေ သူများတွေ တစ်နှစ်ကို စာအုပ်တစ်စုံနဲ့ လောက်တဲ့အချိန်မှာ ကျနော် က နှစ်စုံ ရှိမှလောက်တယ် ၊ မှတ်မှတ်ရရ ကျနော် ငါးတန်း စတက်တဲ့နေ့ပေါ့ အဲ့ဒီနေ့က မိုးကလဲ အရမ်းရွာနေတာ ကျနော်ကလဲ နေမကောင်းဘူးလေ ဒါပေမဲ့ ကျနော် မနေနိုင်ဘူး မေမေ အိမ်မှာ မရှိတုန်း ညီမလေးကို ကျောင်းတက်မယ်ဆိုပြီး မိုးရွာထဲညာထွက်ခဲ့တာပေါ့ ကျောင်းလဲ မတက်ဘူးလေ မိုးရွားထဲ ရှောက်သွားနေတာ ဘောလုံးပွဲတောင် ရောက်လိုက်သေးတယ် မိုးရွာထဲ မှာ သဲကြီးမဲကြီးဘောကန်နေတာ ကို အားပါးတရ ကြည့်ခဲ့လိုက်သေးတယ် ကျောင်းဆင်းချိန်ရောက်တော့ ကျောင်းပြန်နဲ့ရောပြီး ခပ်တည်တည် အိမ်ပြန်လာတာပေါ့ .. အိမ်ရောက်တော့ မေမေက အိမ်ပေါက်မှာ စောင့်လို့ ကျနော် ကျောင်းက ပြန်လာတယ်တောင် မပြောရသေးဘူး မေမေ လက်က ကြိမ်းလုံးထွက်လာပါရော ကြောက်ကြောက် နဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး. မေမေ ပုံက တော်တော်လေးကို ဒေါသ ထွက်နေတာ ညိမ်နေရင်လဲ ကျနော် တော်တော်နာတော့မယ်ဆိုတာ သိနေတယ် ဒါနဲ့ ကြောက်ကြောက် နဲ့ မေမေရိုက်တာကိုထွက်ပြေးတယ်လေ .. မေမေလဲ လိုက်တာပေါ့ မိုးကလည်းရွာ နောက်က မေမေကလဲ လိုက် ကျနော်လဲ ကြောက်ကြောက် နဲပြေး ပေါ့ မကြာပါဘူး မိတာပေါ့ ကရုဏာဒေါသ နဲ့ မေမေ ရိုက်လိုက်တာ ကျနော် စိတ်ထင် ကျနော် တစ်သက်လုံးတစ်ခါမှ အဲ့လောက်မရိုက်ခဲ့ဘူးဘူးထင်တယ် ၊ ပြီးတော့ အိမ်ပြန် အ၀တ်စားလဲ ဆေးတိုက်တယ် တနေကုန် မိုးရေထဲ က အရှိန်က တော်တော် နဲ့မသေးဘူးလေ အစွမ်ပြတော့တာပေါ့ ဆေးစသောက်ပြီးကထဲက တက်လိုက်တဲ့ အဖျား လူကို မျှော့မျှော့လားကျန်တော့ တယ် ညရောက်တော့ အဒေါ် ဆရာမရောက်လာတယ် ကျနော်လဲ တွေ့ရော သူမှာ စိတ်မကောင်းလဲ ဖြစ် ပြောရမဲ့ စကားလဲ ပြောက်နဲ့ နောက်ဆုံးပြန်ခါနီးမှ ပြောသွားတယ် သူလာတာ ကျနော်လေးတန်းစားမေးပွဲကို တနယ်လုံးမှာ ပထမ ရတဲ့ အကြောင်းလာပြောတာတဲ့လေ . . .မေမေ ဆိုတာ မပြောပါ နဲ့ သူသား တနယ်လုံးမှာ ပထမ ရလို့ ပျော်လိုက်တဲ့ ဖြစ်ချင်း ၊ ကျနော်တော့ မျော့နေလို့ ချက်ချင်းမသိလိုက်ရဘူး . . . မေမေ မှာ သူသားကို ရိုက်မိတာလဲ စိတ်မကောင်းဖြစ် မျော့နေတဲ့ ကျနော်ကိုလဲ စိတ်ပူ ပထမ ရလို့ ပျော်တာကလဲ တစ်ဖက် ရယ် ၊ မှတ်မှတ်ရရ တစ်လခွဲလောက်ကို ကျနော် ဖျားလိုက်တာ ၊ မေမေ လဲ စိတ်မကောင်းဖြစ်သွားတယ် ထင်ပါရဲ့ အဲ့နောက်ပိုင်း ကျနော်ကို တစ်ချက်မှ မရိုက်တော့ဘူး မိုးရေထဲ သွားရင်လဲ ဂရုတစ်စိုက် နဲ့ မှာတတ်တယ် ခုတော့ ကျနော် လဲ မေမေ စိုးရိမ်မှု့ တွေ သိတတ်နေပြီ လေ ၊ ဒါပေမဲ့ မိုးရေထဲတော့ လျှောက်နေတုန်းပါပဲ ငယ်ငယ်က အရသာတွေ့လို့ လျှောက်တတ်တဲ့ ကျနော်ဟာ မိုးရေက ဘယ်လောက်အေးအောင်လုပ်လုပ် ကျနော် ခုချိန်မှာ ပူနေပြီ ၊ အရင်လို့ အကြောင်းမဲ့ မိုးရွာထဲ မလျှောက်တော့ပေမဲ့ စိတ်၇ှုပ်တဲ့ ခါတိုင်းတော့ မိုးရေထဲ လျှောက်နေမိတယ်.. အလုပ် ချိန် မအားတဲ့ချိန်တွေက လွဲလို့ပေါ့ .. အထူးသဖြင့် ချစ်သူကို လွမ်းဆွတ်တဲ့ ခါတိုင်း မိုးရွာထဲ လျှောက်နေမိတယ် မလျှောက်ရရင်တောင် ကျနော်မိုးရေတွေ ကျနေတာကို ငေးငေးငိုင်ငိုင်ကြည့်နေတတ်မိတယ် . . . ဝေးကွာနေတဲ့ ချစ်သူကို တစ်ခါတစ်ခါပြေးတွေံချင်မိချင်တာလဲ အခါခါရယ် . တစ်ခါတစ်ခါ စိတ်ပူအောင် လုပ်တတ်တယ် ချစ်သူကို နဖူးတောင်ချင်တာလဲ အခါခါ . . . အစွဲလမ်းကြီးတတ်လွန်းလို့ပဲလားတော့ မသိဘူး ချ စ်သူသက်တန်း 1နှစ် 4လ ပြည့်တဲ့ အထိ တစ်နေ့ မှ မေ့မရခဲ့ဘူး ၊ စချစ်ပြီဆိုကထဲ က ဝေးနေရတဲ့ ချစ်သူကို နီးစပ်ချင်တာ လဲ ဆန္ဒအပြည့်ရယ် ၊ တနှစ်လုံးပြည့်လို့ မှ တွေ ရတဲ့ရက် တစ်လမပြည့်တဲ့ ချစ်သူ ၊ ခဏ တာ ပဲ ပြန်လာပြီး ပြန်ဝေးကွာနေရတဲ့ ချစ်သူ ၊ သူအတွက်တော့ ကျနော် ဘယ်လို ရှိတယ် မသိဘူး ကျနော်အတွက်တော့ အနာဂါတ်ရည်ရွယ်ချက် ၇ဲ အဖေါ်ပါ . . . အခက်ခဲ တွေ ကြားက သံယောဇဉ်လေးကို လဲ တော်တော်ခင်တွယ်နေပါပြီ ၊ သူငယ်ချင်းတွေ က ပြောတယ် ချစ်သူ ကို အလျှော့ပေးတာ များရင် အားကိုး ချင်စိတ်ပြောက်ပြီး စိတ်ကုန်သွားတတ်တဲ့ ကျနော် ဘယ်လောက်ပဲ ဖြစ်နေနေ အလျှော့ပေးနေတုန်းပါပဲ ချစ်သူကတော့ စိတ်ကုန်တာ ခဏဏပါ ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျနော် ချစ်နေမှာပါ မတွေမမြင်ရတဲ့ ချစ်သူကို သ၀န်တိုတတ်တာ လဲ ကျနော်အကျင့်ဆိုးလို့ ပဲ ပြောရမယ် ထင်တယ် ၊ စိတ်ပူတိုင်း မေးတွေ ၀င်စစ် ဟိုကြည့်ဒီကြည့် ဟိုမေး ဒီမေး နဲ့ ဒါကလည်း ကျနော်ရဲ့ ဆိုးဝါးလှတဲ့ အကျင့် တစ်ခု ဖြစ်နေတယ် ၊ စိတ်မရှည်တတ်တဲ့ ချစ်သူ စိတ်ကုန်တာ လဲ အခါခါ ။ ၊ ငယ်ငယ်က အရသာတွေ့လို့ မိုးရေထဲ လျှောက်တဲ့ ကျနော်ခုတော့ မိုးရေတွေနဲ့ ဆေးနေရပြီ ၊ အရောင်တွေ လဲ ထပ်ထပ်ပေလို့ပေါ့ ၊ ကျနော်မောနေပါပြီ ၊ ဒါပေမဲ့ မိုးရေထဲ အခါခွင်သင့်တိုင်းလျှောက်နေအုံးမှာပါ ၊ ဘယ်ချိန်မှ ဆုံးမယ် မသိတဲ့ မိုးရေ ဘယ်ချိန်မှာ လောကကြီးထဲက ထွက်ခွာသွားရမယ် မသိတဲ့ကျနော် .. . . တစ်ချိန်ချိန် ဆံမှတ်တစ်ခုမှာတော့ ပြီးဆုံးနိုင်ကောင်းပါရဲ့ ။ ။ ။

Comments

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

မေမေ

ဘ၀လက်မဲ့ ( 4 )