နှစ်သစ် ဧပရယ်.. Get link Facebook X Pinterest Email Other Apps May 02, 2010 ဧပရယ် ရဲ့ ပိတောက်ဖူးရယ်သိမ်မွှေ့လွန်းလှပါရဲ့ကြေနပ်လောက်အောင် ခ၀ါချပြီးခါမှသွေးနီတွေ ကြဲသွားရတယ်လို့မိုးချိန်းသံတောင် မဆုံးလိုက်ဘူးကမ္ဘာကြီးလဲ မြေခသွားတယ်..။ ။ Get link Facebook X Pinterest Email Other Apps Comments
ငါ နဲ့ ငါ August 01, 2010 လူတိုင်းက ကိုယ့်ကိုကိုယ် အမှန်လို့ ထင်နေချိန်မှာ ငါက. . . . . . . . . . . . နံရံတွေနဲ့ စကားပြောလို့ ကောင်းနေတုန်း ဆွဲချင်ရာ ဆွဲလို့ ပါလာတဲ့ " အစ " က " စိတ္တဇ " တစ်ဖက် " လက် " တစ်ဖက် အရိုးမှ မပါတော့လဲ အရိုးထိအောင် ဘယ်နာတတ်မလဲ တကြော်ကြော် အော်တဲ့ ဈေးသည်တောင် လက်တွန့်ရ လောက်အောင် ငါကမ္ဘာက . . . . . " လျှာ " ထူခဲ့တာ အရိုးဟင်းကို မြိန်ရေ ယှက်ရေ စားသုံးဘို့ ဆိုတာလဲ " ဆား " က မပါတော့ ခက်တယ် ..။ " ယဉ်ကျေးမှုဆိုတာ " . . . . . . ရုပ်လုံးမပေါ်တဲ့ အမူယာတစ်ခုရဲ့ သတ်မှတ်ပြရုပ် တစ်ခု . . . . . . ဒါကို. . . . အရိုးပေါ် အရေတင်ပြီး ငါတို့က ကိုးကွယ်နေလိုက်ကြရတာ.. ။ ဘယ်မှာ လဲ. . . . . လူသားတွေ အတွက် " အာသာဆန္ဒ " . . . . ? တစ်ချိန်ချိန်မှာ ဖြိုဖျက်ခွင့် ရမယ်ဆိုရင် မျှော်စင်ထိပ်မှာ ရပ်ပြီး ငါ့ "နာမ် " ဓါတ် ကို ငါ အရင်ဆုံး ဖြိုမယ်....။ Read more
"မိုးရေ နဲ့ ကျနော်" August 01, 2010 မိုးရာသီကို ကျနော် မနှစ်သက်ဘူး..သို့ပေမဲ့ ကျနော်နဲ့မိုးရေနဲ့ကတော့ ငယ်သူငယ်ချင်းတွေပါ. ကျနော်ချစ်တဲ့ဆောင်းရာသီ ရောက်နေတဲ့ အချိန်တွေ ဆို မိုးရေတွေ ကျနော် တမ်းတမိတယ် ၊ စိတ်တွေ ရှုပ်နေတဲ့ အခါတိုင်း တစ်ခုခု အဆင်မပြေ ဖြစ်တဲ့အခါတိုင်း မိုးရေတွေကို ကြည့်ပြီးလွမ်ဆွတ်နေတတ်မိတယ် ၊ အဆုတ်အားနဲ တဲ့ ကျနော်ဟာ မိုတွင်းဆို မကြာခဏ ဖျားနာတတ်ပေမဲ့ မိုးရေတွေ ထဲ လျှောက်ရတာ အရသာတွေ့နေတုန်းပါပဲ ၊ မိုးစက်တွေ တပေါက်ပေါက်ကျဆင်းနေတဲ့ ကောင်းကင်ပြင်ကို မော့ကြည့်ရတာ ကျနော်အတွက်တော့ အပူကင်းတဲ့ ထမင်းဖြူတစ်လုပ်ထင်သည်၊ အများအားဖြင့် သတ္တ၀ါတိုင်း မိုးရေကို ကာကွယ်နေချိန်မှာ ကျနော်ကတော့ ကျနော်ရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်ပေါ်ကို တစက်စက် နဲ့ လိမ့်ဆင်းစေခဲ့တယ် ၊ မိုးရွာထဲ လမ်းလျှောက်ရတာ ပျော်လို့လား မေးရင် မပျော်ဘူးလို့ ပဲ ကျနော်ဖြေမိမယ်.. ဟုတ်ပါတယ် ကျနော်တကယ်လဲ မပျော်ပါဘူး ၊ လူမှန်းသိတတ်စ အရွယ်ကထဲ က လျှောက်ခဲ့တာရယ် မိုးရွာရင် မိုးရေ စက်တွေ မကြည့်ပဲ မနေနိုင်တာရယ်ကြောင့် ကျနော် မိုးရေကို ခင်တွယ်ခဲ့မိတယ် ၊ ဒါပေမဲ့ မိုးရေးကတော့ ကျနော်အပေါ် တစ်ခါမှ မကောင်းခဲ့ဘူးထင်တယ် ငယ်ငယ်က.. .. .. ကျောင်းက အပြန် မိုးရွာတော့ မိုးရေ မြင်ရင် မနေနိုင... Read more
မြစ်ထဲက လူသား December 18, 2009 ဘာရယ်မသိပဲ မျှော်လင့်ချက်တွေ တနင့်တပိုးလွယ်ပြီး မာယာ မြစ်ကြောင်းတလျှောက် ငါ.... စုန်ဆန် စီးမျှောခဲ့ပြီ၊ ပေါများလိုက်တဲ့ အချိုးအကွေ့တွေရယ် ကျောက်ဆောင် ကျောက်ကမ်းပါးတွေလဲ အကြိမ်ကြိမ်တိုက်မိခဲ့ပေါ့..၊ ဗေဒါ တချို့ နဲ့ မိတ်ဖွဲ့ရင်း လှိုင်းကြမ်းတွေကို ကြံ့ကြံ့ခံ မှုန်တိုင်းဒဏ်ကို တွန်းလှန်ရင်း ငါ... ရင့်ကျက်ခဲ့ပါတယ်... လေပြေ..၊ နစ်မြုပ်နေဆဲ ငါ့စိတ်ဓါတ်ကို အကြိမ်ကြိမ် ဆယ်ယူ ဆွဲပြန်ထူရင်း မာယာ မြစ်ထဲ ငါ... ဆက်လက် ရွက်လွှင့်ခဲ့တာပေါ့ ၊ သြော်..... ခုများတော့လဲ မက်မောမှု့တွေတောင် အိပ်မောကြနေခဲ့ပါပြီကော....။ Read more
Comments
Post a Comment
ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး