လရောင်ချို လက်ရာ
အသည်းမကောင်းပဲ
ပွဲတောင်းခဲ့သူပါ
ဘ၀မှာ အခွင့်ရေးဆိုလို့
ပယ်နယ်တီ တစ်လုံးတောင်
်မရခဲ့ပါဘူး
မျှော်လင့်ချက်ဆိုတာလဲ
မျှော်စင်ကြီးသက်သက်ဖြစ်လာရုံပါပဲ
အိပ်မက်ထဲမှာတောင်
မြိုပျက်ကြီးလို
အယောင်ဆောင်ခွင့်
ရခဲ့သူပါ..
ဘယ်လောက်ပဲခေါ်ခေါ်
ကောင်းကင်ကြီးက
ငဲ့လို့တောင် ခေါ်ဖေါ်မရ
မြေကြီးက
ပင့်မထားရတဲ့ အဖိုးဝန်ခကို
တောင်ချင်တဲ့ပုံနဲ့
အခြေနေမကောင်းပေမယ့်
အ နေတဲ့ ခြေထောက်တွေက
နေမကောင်းချင်ပြန်ဘူး
နောက်ပြန်ပက်လက် မူနေတဲ့
လခြမ်းကလေးတောင်
မိန်းမဆိုးလေးလို
မုန်း ချင်ယောင်ဆောင်တယ်
ခက်တယ်
ကိုယ်က
လောကကြီးကိုမှ
ရုံသွင်းပြီး
ကန့်လန့်ကာ
ဖွင့်ချင်တဲ့ကောင်..။
ကဗျာဆရာ လရောင်ချို ရေးထားတဲ့ လက်ရာလေးပါ ပြောက်ကွယ်နေတာကြာနေလို့ ပြန်ဖေါ်လိုက်တယ်ဗျို့
ပွဲတောင်းခဲ့သူပါ
ဘ၀မှာ အခွင့်ရေးဆိုလို့
ပယ်နယ်တီ တစ်လုံးတောင်
်မရခဲ့ပါဘူး
မျှော်လင့်ချက်ဆိုတာလဲ
မျှော်စင်ကြီးသက်သက်ဖြစ်လာရုံပါပဲ
အိပ်မက်ထဲမှာတောင်
မြိုပျက်ကြီးလို
အယောင်ဆောင်ခွင့်
ရခဲ့သူပါ..
ဘယ်လောက်ပဲခေါ်ခေါ်
ကောင်းကင်ကြီးက
ငဲ့လို့တောင် ခေါ်ဖေါ်မရ
မြေကြီးက
ပင့်မထားရတဲ့ အဖိုးဝန်ခကို
တောင်ချင်တဲ့ပုံနဲ့
အခြေနေမကောင်းပေမယ့်
အ နေတဲ့ ခြေထောက်တွေက
နေမကောင်းချင်ပြန်ဘူး
နောက်ပြန်ပက်လက် မူနေတဲ့
လခြမ်းကလေးတောင်
မိန်းမဆိုးလေးလို
မုန်း ချင်ယောင်ဆောင်တယ်
ခက်တယ်
ကိုယ်က
လောကကြီးကိုမှ
ရုံသွင်းပြီး
ကန့်လန့်ကာ
ဖွင့်ချင်တဲ့ကောင်..။
ကဗျာဆရာ လရောင်ချို ရေးထားတဲ့ လက်ရာလေးပါ ပြောက်ကွယ်နေတာကြာနေလို့ ပြန်ဖေါ်လိုက်တယ်ဗျို့
Comments
Post a Comment
ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး