ဘ၀လက်မဲ့ ( 5 )

အသင်တို့သည်
အကျွန်ုပ်အား..
ကဲ့ရဲ့ လိုက ကဲ့ရဲ့ နိုင်၏
ရှုတ်ချလိုက ရှုတ်ချနိုင်၏
မဲ့ရွဲ့လိုက မဲ့ရွဲ့နိုင်၏
ပြစ်ပြစ် နှစ်နှစ် ဆဲရေးလိုက ဆဲရေးနိုင်၏

ငါ သည်ကား..
ငါဖြစ်နေသ၍ အချိန်ထိသာ ဖြစ်၏
ငါ သည် ငါ မဟုတ်တော့သော အခါ
ကျေးဇူးပြုပြီး
အသင်တို့၏ နှုတ်ကမ္ပါတ်တို့ကို
မဖွင့်ဟကြပါ နှင့်..

ရွံ့ ဖြစ်နေချိန်မို့
အသင်တို့ ရဲ့ လိုရာပုံသဏ္ဍာန်ကို
ပုံသွင်းနိုင်ပါတယ်
ဘီလူးတစ်ကောင်ရဲ့
ကိုယ်ပွားမျိုးနဲ့ ပေါ့

ရာသီမသိမ်းခင်မှာပဲ
အောင်ပွဲ ကိုယ်စီရကြပါစေ
မျှော်လင့်ခြင်းတွေ ပြည့်ဝကြပါစေ
ပြည့်စုံခြင်းတွေ
ဆုတောင်းခြင်းတွေ
ကောင်းခြင်းရဲ့ ကောင်းသတင်းတွေရယ်
ပြီးတော့..
ငါ သည်ကား..........
ငါ ဖြစ်နေသ၍သာ..။

Comments

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

မေမေ

ဒီဇင်ဘာ ( 31 )