ဘ၀လက်မဲ့ ( 2 )
အခြေအမြစ်မှ မရှိခဲ့တာ
ဘယ်တည်မြဲပါ့မလဲ
ပန်းကောင်း မဟုတ်လို့
အညွှန့်ချိုးမခံရတာတောင် ကျေးဇူးတင်မိပါရဲ့ ..
ဒိုင်ယာရီထဲမှာ အိပ်နေခဲ့လို့
အချိန်တွေ ဟောင်းနွမ်းသွားတာ မမှီလိုက်ပြန်ဘူး
ဝမ်းမနည်းတော့ပါ..
ဒီထက်ပိုလည်း ဒီလောက်ပါပဲ..
နာရီတွေသာ ပြီးဆုံးသွားခဲ့တယ်..
ရယ်သံတွေက မရပ်တန့်ခဲ့ပါ
အဆိပ်ပင်ရေ မလောင်းရတဲ့
တားမြစ်သံ တိုးတိုးကိုလည်း
ယဲ့ယဲ့ ပြန်ကြားခဲ့
ရှေ့ဆက်မဲ့ ငါ့ခြေလှမ်း
ပုလင်းကွဲရှတာလား
ခြောက်ထဲကြတာလား
အင်းပေါ့..
တံတားမှမရှိပဲကိုး
ငါ ကိုယ်တိုင်ကလည်း
လှေကားမှ မယူခဲ့မိပဲကွယ်..
နောက်တစ်ကြိမ်ဆိုတာ
မရေရာပေမဲ့..
ယ္ခု အကြိမ်မှာတော့လေ..
ငါ..............
သေချာစွာ
လှလှပပ
ပြိုလဲခဲ့ပေါ့ကွယ်..
ပြန်လမ်းမဲ့ကျွန်းရဲ့ ထောင့်တနေရာမှာပေါ့..။
ဘယ်တည်မြဲပါ့မလဲ
ပန်းကောင်း မဟုတ်လို့
အညွှန့်ချိုးမခံရတာတောင် ကျေးဇူးတင်မိပါရဲ့ ..
ဒိုင်ယာရီထဲမှာ အိပ်နေခဲ့လို့
အချိန်တွေ ဟောင်းနွမ်းသွားတာ မမှီလိုက်ပြန်ဘူး
ဝမ်းမနည်းတော့ပါ..
ဒီထက်ပိုလည်း ဒီလောက်ပါပဲ..
နာရီတွေသာ ပြီးဆုံးသွားခဲ့တယ်..
ရယ်သံတွေက မရပ်တန့်ခဲ့ပါ
အဆိပ်ပင်ရေ မလောင်းရတဲ့
တားမြစ်သံ တိုးတိုးကိုလည်း
ယဲ့ယဲ့ ပြန်ကြားခဲ့
ရှေ့ဆက်မဲ့ ငါ့ခြေလှမ်း
ပုလင်းကွဲရှတာလား
ခြောက်ထဲကြတာလား
အင်းပေါ့..
တံတားမှမရှိပဲကိုး
ငါ ကိုယ်တိုင်ကလည်း
လှေကားမှ မယူခဲ့မိပဲကွယ်..
နောက်တစ်ကြိမ်ဆိုတာ
မရေရာပေမဲ့..
ယ္ခု အကြိမ်မှာတော့လေ..
ငါ..............
သေချာစွာ
လှလှပပ
ပြိုလဲခဲ့ပေါ့ကွယ်..
ပြန်လမ်းမဲ့ကျွန်းရဲ့ ထောင့်တနေရာမှာပေါ့..။
Comments
Post a Comment
ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး