ဘာလဲ..?

ဘဝဆိုတာ
အလုံးလား အပြားလားလို့
စမ်းစစ်ကြည့်လိုက်တာ
ဘယ်ဟုတ်လိမ့်မတုံး
အမေရေ..
သူက................
ရေထဲမှာမှ တွားသွားတတ်တဲ့
သတ္တဝါတစ်ကောင်တဲ့လေ၊

အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးတဲ့
ကြား ဘူးခဲ့တဲ့
လက်တန်း စကားပုံတစ်ခုပါ..၊
သြော်..
အခွန်မဆောင်ပဲ မျိုချလိုက်မိတဲ့
လေ တချို့ အတွက်တောင် အားမိပါရဲ့ ။

Comments

  1. လက်တွေ့နဲ့ စကားပုံနဲ့က တကယ်တော့ တခြားစီ ဖြစ်နေတဲ့ သဘော ထင်တယ် .....

    ReplyDelete
  2. ညီလေးရေ....
    ဒီကဗျာလေးကိုလည်းကြိုက်တယ်ဗျာ...
    (စီဘောက်မှာ ညီလာမေးထားတာကို အစ်ကိုမသိလို့ မကူညီနိုင်တာ စိတ်မကောင်းဘူးညီလေးရယ်.....။ တစ်ကယ်ပါဗျာ....)
    ခင်မင်တတ်တဲ့
    ဏီလင်းညို

    ReplyDelete

Post a Comment

ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

မေမေ

ဒီဇင်ဘာ ( 31 )