အိုဆည်းဆာ..

တမ်းတခွင့်ပြုပါ
ငါ့အိမ်မက့်တွေညောင်းလွန်းလို့......
နုတ်ဆိတ်ခွင့် ပြုပါ
ငါ့နှလုံးသားတွေ မောလွန်းလို့.....

ဘယ်အချိန်ထဲက အမြစ်တွယ်နေမှန်းမသိတဲ့
ငါ့ ရဲ့ ဧဒင်ပန်းပင်တချို့ကတောင်
သူတို့ ဘ၀အတွက်
အာမခံချက်တွေ တောင်းနေလေရဲ့

ကဲ ဆည်းဆာ မင်းပြောပါ......
သံစဉ်ဟောင်း တေးသွားတပုဒ်နဲ့
သစ်အိုပင်အောက်က ကြိုးပြတ်ဂစ်တာတလက်သာ
ပိုင်ဆိုင်တဲ့ ငါ့ဘ၀ကြီးက
ဘာတွေများ ထပ်ပြီးပေးဆပ်ရအုန်းမှာတုန်း..........။

Comments

  1. ကဗျာလေးတွေတော်တော်အရေးကောင်းတယ်နော်
    တို့က ကဗျာလေးတွေဆိုနှစ်သက်တတ်တယ်
    လေးစားပါ၏

    ReplyDelete

Post a Comment

ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး

Popular posts from this blog

ငါ နဲ့ ငါ

"မိုးရေ နဲ့ ကျနော်"

မြစ်ထဲက လူသား