Posts

မြုပ်နှံ့ထားသော အနာဂါတ်အမှား

အို... လမ်းပေါ်မှာ ကြယ်များ ၀ပ်တွားက ခယနေကြပါ၏။ ဘယ်သူသယ်ဆောင် လာမှန်းမသိသော မိုးတစ်ချို့ မခိုတရို့ နဲ့ လောကဓံကို လှောင်နေလေ ရဲ့ ၊ ဘာရယ် မဟုတ်ပဲ လျှောက်နေတဲ့ လားတစ်ကောင်တောင် ကန္တာရ အပြင်မှာ တာရာတွေ စုံနေပြီ ၊ ဖိတ်ခေါ်မှု့တွေ စုံမှိတ်ပြီး မီးလျှံကြားမှာ ကခုန်လိုက်ရမလား... မကောင်းပြန်ဘူး အနေတဲ့ ငါအနာဂါတ်... ဘယ်ပြစ်မှတ်မှာ ရပ်ရမှာလဲ ... ဝေးကွာဖို့ဆိုတာ နီးစပ်ခဲ့ကြတာမှ မဟုတ်ပဲကွယ်... တုတ်ကောက်ကိုဆွဲပြီး ကြေကွဲနေရအုံးမယ် ဆိုရင် တောင်စွယ်မှာလဲ နေကွယ်ပြီးပေါ့..။ မြူးတူးကြပါ အမှောင်တို့ရဲ့ သခင်.. ကွေးကွင်းခြင်းရဲ့ ခြားနားမှုမှာ တစုံတရာများ မှားခဲ့ရင် ငါအား .... အမှောင်တိုက်သွင်း ချွတ်ယွင်းနေတဲ့ ငါနှလုံးသားကို ယဇ်လိုက ယဇ် ပြစ်လိုက ပြစ် တစ်နေ့မှာ ... ဟန်ဆောင်မှုတွေလှဲချ အနောက်တံခါးဝမှာ မြုပ်နှံကြပါလော့....။ ။

သို့

ချစ်သူ ဝေးနေလို့ ငါမဆွေးချင်ပါဘူး ဒါပေမဲ့ လွမ်နေရတာတော့ ခက်တယ် လွမ်းရလွန်းအားကြီးလို့ ထင်ပါရဲ့ ဒီရင်ဘတ်ကြီး ကတောင် လက်မခံချင်တော့တဲ့ ပုံနဲ့ ချစ်သူရေ.. အမှန်းတိုင်းဝန်ခံရရင် ငါဟာ... တကယ်တော့ မင်းကိုချစ်နေတာမဟုတ်ပါ ဘူး ကြင်နာမှု ဖေးမမှု ယုယမှု နားလည်မှု့ ဂရုစိုက်မှုတွေနဲ့ အတူ မင်းဘေးမှာ အဖေါ်အဖြစ် မြတ်နိုးနေခြင်တာပါ ငါ့ အနာဂါတ်တွေ ဆုံးသည့်တိုင်အောင်ပေါ့ ကျေးဇူးတင်ပါတယ် ချစ်သူ.. မင်းရဲ့ နွေးထွေးတဲ့ တုန်ပြန်မှု့တွေ ကြောင့် အစပြန်ရှာမရတဲ့ ငါအနာဂါတ် တစ်စုံကို ပြန်လည်၇ှာတွေ ခဲ့ တယ်လေ ငါဘယ်လိုပဲ ဖြစ်နေပါ စေ မနက်ဖြန်တိုင်းမှာ မင်းပျော်ရွှင်မယ်ဆို ငါ ကျေနပ်နေမှာပါ....။

တိမ်ကောတော့မဲ့ တိမ်ပေါ်က အနာဂါတ် တချို့

မေမေ သူ့ ကျွန်အောက်က လွတ်မြောက်ဘို့ သူထုတ်ဆောင်ခဲ့တယ်...၊ ဒါပေမယ့် မလွတ်မြောက်ခဲ့ပါဘူး၊ နံရံကပ်ပြက္ခဒိန်ပေါ်မှာသာ တစ်နေရာစာ ယူနိုင်ခဲ့တဲ့ အဲ့ဒီနေ့ကို ဘယ်သူတွေ အသိမှတ်ပြုကြမှာလဲ၊ ပုစ္ဆာတစ်ပုဒ်ဟာ အဖြေမှန်နေပါလျှက် အမှန်ခြစ်မှ မပေးတာ အဖြေမှန်ပြီ ဆိုပြီးငြိမ်နေရမှာလား. ကဲပြောပါ ...၊ ခက်တယ်............ ဆေးဆရာပါလို့ တကြော်ကြော်အော်ပြီး အမည်ခံနေသူတွေကလည်း ဝေဒနာကို အဖြေရှာဘို့မကြိုးစားကြပဲ ဆေးပေးခ ဘယ်လောက်ရမလဲ ဆိုတာလောက်ပဲ တွက်နေကြလေရဲ့ ၊ ဒီကြားထဲ နွားအိုလဲ မနေရ ပေါင်းကျိုးတယ်ဆိုပြီး နွားသတ်ရုံပို့နေလို့နေလို့ အရိုးတွေတောင် တောင်ပုံတော့မယ် မေမေ...။

ဘာလဲ..?

ဘဝဆိုတာ အလုံးလား အပြားလားလို့ စမ်းစစ်ကြည့်လိုက်တာ ဘယ်ဟုတ်လိမ့်မတုံး အမေရေ.. သူက................ ရေထဲမှာမှ တွားသွားတတ်တဲ့ သတ္တဝါတစ်ကောင်တဲ့လေ၊ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့ ကြား ဘူးခဲ့တဲ့ လက်တန်း စကားပုံတစ်ခုပါ..၊ သြော်.. အခွန်မဆောင်ပဲ မျိုချလိုက်မိတဲ့ လေ တချို့ အတွက်တောင် အားမိပါရဲ့ ။

အား... ?

အား...... အိပ်မက်ထဲမှာ အကျဉ်းချခံလိုက်ရလို့ ငါ လန့်နိုးခဲ့တာပါ၊ မထူးပါဘူး... အပြင်မှာလဲ အကျဉ်းချခံနေရတုန်းပါပဲ..၊ အား.... ငါအော် တာမဟုတ်ပါ ဘူး..။

မွေးမိခင်သို့ တမ်းခြင်း

မေမေ.. ဖြစ်ခဲ့တဲ့ အရာတွေက ပြီးသွားခဲ့ပြီပဲ ပြန်ပေးပါလို့ မတောင်းချင်ပေမဲ့ ပြန်တော့ တောာင်းတနေမိတယ်...မေမေ၊ ပတ်ဝန်းကျင်ဆိုတာ အသိုက်အမြုံတစ်ခုကို အရောင်ပြောင်းစေနိုင်တယ်လို့ အစက.. ဘယ်ယုံကြည့်ခဲ့မှာလဲ ခုတော့...ယုံကြည်စပြုခဲ့ပြီကော၊ အေးချမ်းတဲ့ အရိပ်မြုံတစ်ခုကို ရုတ်တရက် အမဲရောင်ပြောင်းသွားစေခဲ့တယ် လေနောက် ပါသူပါ အတောင်ကျိုးလို့ ဖေါင်ပျက်ကာ မျောသူမျောပေါ့၊ စစ်မကြေငြာပဲ အလစ်ဝင်တိုက်တာထက်ဆိုးတယ် ခံလိုက်ရတာ ကြေကြေမွမွပဲ ဒါကို.. ကျီစာတာဆို ကဲ...ကံကြမ္မာ ပြန်ဆက်လို့ မရတော့တဲ့ ကျိုးပျက်မှု့တစ်ခုကို မင်း.. ဘယ်လိုကုစားမလဲ ပြော..၊ ပြန်မပြင်နိုင်တဲ့ အမှားမျိုးတွေ ကြူးလွန်ခဲ့ကြတာ မဟုတ်လို့ ဘယ်အကြွေးတွေမှ ပြန်ဆပ်စရာမလိုဘူး မေမေ..၊ လိပ်ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သွားတတ်တာ သဘာဝပါ..၊ တိမ်ပေါ်လျှောက် မြောက်နေမှ လူလို့ ခေါ်ကြစတမ်းဆို သားတော့ .. ရေအောက်ပဲ ငုပ်နေတော့မယ်... မေမေ။

မြစ်ထဲက လူသား

ဘာရယ်မသိပဲ မျှော်လင့်ချက်တွေ တနင့်တပိုးလွယ်ပြီး မာယာ မြစ်ကြောင်းတလျှောက် ငါ.... စုန်ဆန် စီးမျှောခဲ့ပြီ၊ ပေါများလိုက်တဲ့ အချိုးအကွေ့တွေရယ် ကျောက်ဆောင် ကျောက်ကမ်းပါးတွေလဲ အကြိမ်ကြိမ်တိုက်မိခဲ့ပေါ့..၊ ဗေဒါ တချို့ နဲ့ မိတ်ဖွဲ့ရင်း လှိုင်းကြမ်းတွေကို ကြံ့ကြံ့ခံ မှုန်တိုင်းဒဏ်ကို တွန်းလှန်ရင်း ငါ... ရင့်ကျက်ခဲ့ပါတယ်... လေပြေ..၊ နစ်မြုပ်နေဆဲ ငါ့စိတ်ဓါတ်ကို အကြိမ်ကြိမ် ဆယ်ယူ ဆွဲပြန်ထူရင်း မာယာ မြစ်ထဲ ငါ... ဆက်လက် ရွက်လွှင့်ခဲ့တာပေါ့ ၊ သြော်..... ခုများတော့လဲ မက်မောမှု့တွေတောင် အိပ်မောကြနေခဲ့ပါပြီကော....။