မြုပ်နှံ့ထားသော အနာဂါတ်အမှား

အို...

လမ်းပေါ်မှာ ကြယ်များ
ဝပ်တွားက ခယနေကြပါ၏။
ဘယ်သူသယ်ဆောင် လာမှန်းမသိသော
မိုးတစ်ချို့ မခိုတရို့ နဲ့
လောကဓံကို လှောင်နေလေ ရဲ့ ၊
ဘာရယ် မဟုတ်ပဲ လျှောက်နေတဲ့
လားတစ်ကောင်တောင်
ကန္တာရ အပြင်မှာ တာရာတွေ စုံနေပြီ ၊


ဖိတ်ခေါ်မှု့တွေ စုံမှိတ်ပြီး
မီးလျှံကြားမှာ ကခုန်လိုက်ရမလား...
မကောင်းပြန်ဘူး
အနေတဲ့ ငါအနာဂါတ်...
ဘယ်ပြစ်မှတ်မှာ ရပ်ရမှာလဲ ...
ဝေးကွာဖို့ဆိုတာ
နီးစပ်ခဲ့ကြတာမှ မဟုတ်ပဲကွယ်...
တုတ်ကောက်ကိုဆွဲပြီး
ကြေကွဲနေရအုံးမယ် ဆိုရင်
တောင်စွယ်မှာလဲ နေကွယ်ပြီးပေါ့..။


မြူးတူးကြပါ
အမှောင်တို့ရဲ့ သခင်..
ကွေးကွင်းခြင်းရဲ့ ခြားနားမှုမှာ
တစုံတရာများ မှားခဲ့ရင်
ငါအား ....
အမှောင်တိုက်သွင်း
ချွတ်ယွင်းနေတဲ့ ငါနှလုံးသားကို
ယဇ်လိုက ယဇ်
ပြစ်လိုက ပြစ်
တစ်နေ့မှာ ...
ဟန်ဆောင်မှုတွေလှဲချ
အနောက်တံခါးဝမှာ မြုပ်နှံကြပါလော့....။ ။

Comments

Popular posts from this blog

ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ

ငါ နဲ့ ငါ

မေမေ