တိမ်ကောတော့မဲ့ တိမ်ပေါ်က အနာဂါတ် တချို့
မေမေ
သူ့ ကျွန်အောက်က လွတ်မြောက်ဘို့
သူထုတ်ဆောင်ခဲ့တယ်...၊
ဒါပေမယ့်
မလွတ်မြောက်ခဲ့ပါဘူး၊
နံရံကပ်ပြက္ခဒိန်ပေါ်မှာသာ
တစ်နေရာစာ ယူနိုင်ခဲ့တဲ့
အဲ့ဒီနေ့ကို
ဘယ်သူတွေ
အသိမှတ်ပြုကြမှာလဲ၊
ပုစ္ဆာတစ်ပုဒ်ဟာ
အဖြေမှန်နေပါလျှက်
အမှန်ခြစ်မှ မပေးတာ
အဖြေမှန်ပြီ ဆိုပြီးငြိမ်နေရမှာလား.
ကဲပြောပါ ...၊
ခက်တယ်............
ဆေးဆရာပါလို့
တကြော်ကြော်အော်ပြီး
အမည်ခံနေသူတွေကလည်း
ဝေဒနာကို အဖြေရှာဘို့မကြိုးစားကြပဲ
ဆေးပေးခ ဘယ်လောက်ရမလဲ ဆိုတာလောက်ပဲ
တွက်နေကြလေရဲ့ ၊
ဒီကြားထဲ နွားအိုလဲ မနေရ
ပေါင်းကျိုးတယ်ဆိုပြီး
နွားသတ်ရုံပို့နေလို့နေလို့
အရိုးတွေတောင်
တောင်ပုံတော့မယ် မေမေ...။
သူ့ ကျွန်အောက်က လွတ်မြောက်ဘို့
သူထုတ်ဆောင်ခဲ့တယ်...၊
ဒါပေမယ့်
မလွတ်မြောက်ခဲ့ပါဘူး၊
နံရံကပ်ပြက္ခဒိန်ပေါ်မှာသာ
တစ်နေရာစာ ယူနိုင်ခဲ့တဲ့
အဲ့ဒီနေ့ကို
ဘယ်သူတွေ
အသိမှတ်ပြုကြမှာလဲ၊
ပုစ္ဆာတစ်ပုဒ်ဟာ
အဖြေမှန်နေပါလျှက်
အမှန်ခြစ်မှ မပေးတာ
အဖြေမှန်ပြီ ဆိုပြီးငြိမ်နေရမှာလား.
ကဲပြောပါ ...၊
ခက်တယ်............
ဆေးဆရာပါလို့
တကြော်ကြော်အော်ပြီး
အမည်ခံနေသူတွေကလည်း
ဝေဒနာကို အဖြေရှာဘို့မကြိုးစားကြပဲ
ဆေးပေးခ ဘယ်လောက်ရမလဲ ဆိုတာလောက်ပဲ
တွက်နေကြလေရဲ့ ၊
ဒီကြားထဲ နွားအိုလဲ မနေရ
ပေါင်းကျိုးတယ်ဆိုပြီး
နွားသတ်ရုံပို့နေလို့နေလို့
အရိုးတွေတောင်
တောင်ပုံတော့မယ် မေမေ...။
ညီလေးရေ...
ReplyDeleteခေါင်းစဉ်လေးကအစ... အဓိပ္ပါယ်ကောင်းတယ်...
ခင်မင်တဲ့
ဏီလင်းညို