နှစ်သစ် ဧပရယ်.. Get link Facebook X Pinterest Email Other Apps May 02, 2010 ဧပရယ် ရဲ့ ပိတောက်ဖူးရယ်သိမ်မွှေ့လွန်းလှပါရဲ့ကြေနပ်လောက်အောင် ခ၀ါချပြီးခါမှသွေးနီတွေ ကြဲသွားရတယ်လို့မိုးချိန်းသံတောင် မဆုံးလိုက်ဘူးကမ္ဘာကြီးလဲ မြေခသွားတယ်..။ ။ Get link Facebook X Pinterest Email Other Apps Comments
ငါ နဲ့ ငါ August 01, 2010 လူတိုင်းက ကိုယ့်ကိုကိုယ် အမှန်လို့ ထင်နေချိန်မှာ ငါက. . . . . . . . . . . . နံရံတွေနဲ့ စကားပြောလို့ ကောင်းနေတုန်း ဆွဲချင်ရာ ဆွဲလို့ ပါလာတဲ့ " အစ " က " စိတ္တဇ " တစ်ဖက် " လက် " တစ်ဖက် အရိုးမှ မပါတော့လဲ အရိုးထိအောင် ဘယ်နာတတ်မလဲ တကြော်ကြော် အော်တဲ့ ဈေးသည်တောင် လက်တွန့်ရ လောက်အောင် ငါကမ္ဘာက . . . . . " လျှာ " ထူခဲ့တာ အရိုးဟင်းကို မြိန်ရေ ယှက်ရေ စားသုံးဘို့ ဆိုတာလဲ " ဆား " က မပါတော့ ခက်တယ် ..။ " ယဉ်ကျေးမှုဆိုတာ " . . . . . . ရုပ်လုံးမပေါ်တဲ့ အမူယာတစ်ခုရဲ့ သတ်မှတ်ပြရုပ် တစ်ခု . . . . . . ဒါကို. . . . အရိုးပေါ် အရေတင်ပြီး ငါတို့က ကိုးကွယ်နေလိုက်ကြရတာ.. ။ ဘယ်မှာ လဲ. . . . . လူသားတွေ အတွက် " အာသာဆန္ဒ " . . . . ? တစ်ချိန်ချိန်မှာ ဖြိုဖျက်ခွင့် ရမယ်ဆိုရင် မျှော်စင်ထိပ်မှာ ရပ်ပြီး ငါ့ "နာမ် " ဓါတ် ကို ငါ အရင်ဆုံး ဖြိုမယ်....။ Read more
ကလေး ငယ်တစ်ယောက် ရဲ့ ငိုရှိုက်သံ August 01, 2010 " အားးးး ကြောက်ပါပြီ ဖေကြီးရယ် မလုပ်ပါ နဲ့တော့ သားနာတယ် နောက် မလုပ်တော့ပါဘူး" ကျနော် ဘယ်လိုပဲအော်နေပါ စေ အဖေက တော့ လက်ထဲက တုတ်ကို တစ်ချက်မှ မလျှော့ခဲ့ပါ ၊ နောက်ထပ်လဲ အကြိမ်ပေါင်းများစွာ ကျနော်ကိုယ်ပေါ် ကျရောက်လာပြန်ပါသည် ။ " အားး မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သားမလုပ်တော့ပါဘူး ညီမလေး မုန့်ကို နောက်မစားတော့ပါဘူး .. အီးး ဟီးး .. ... မလုပ်ပါ နဲ့တော့ ဖေကြီးရယ် သား နာတယ် " ကျနော့် ရဲ့ ငိုယို တောင်းပန်မှုတွေက အဖေရဲ့ ဒေါသတွေ ကို ပြေပြောက်နိုင်စွမ်း မရှိပါ ။ အဖေ ကျနော်ကို အတော် ဒေါသထွက်နေတယ် ၊ အဖေ ဒေါသထွက်တိုင်းလဲ ကျနော်မှာ အသဲခိုက်အောင် နာကျင်လှတယ် ၊ အဖေ ဒီလိုရိုက်ပုတ်တိုင်း ကျနော် အမေ ကို အားကိုးမိတာ အမှန်ပါ ဒါပေမဲ့ ခုချိန်မှာ တော့ အမေ့ကို ကျနော် အားကိုးတကြီး လှမ်းမကြည့်တော့တာ ကြာပါပြီ ၊ လွန်ခဲ့တဲ့ 2 နှစ်လောက်ကတော့ အဖေ ရိုက်တဲ့ အခါတိုင်း အမေကို အားကိုး ငိုယိုပြီး တိုင်းတောတာတို့ အားကိုးတကြီး တောင်းပန်တာတို့ လုပ်ခဲ့ဘူးပါတယ် ၊ ဒါပေမဲ့ အမေ ကျနော်ကို ကာကွယ်မှု့ တစ်စုံ တရာ မလုပ်ခဲ့ပါဘူး ၊ သည့်အပြင် နင့် အဖေ မကြိုက်တာ သွားလုပ်တယ် ဆိုပြီတော့တောင် ထပ်ကာ ထပ်ကာ အကြိမ်ကြိမ် ရိုက်ခံခဲ့ရပြန်... Read more
မွေးမိခင်သို့ တမ်းခြင်း December 21, 2009 မေမေ.. ဖြစ်ခဲ့တဲ့ အရာတွေက ပြီးသွားခဲ့ပြီပဲ ပြန်ပေးပါလို့ မတောင်းချင်ပေမဲ့ ပြန်တော့ တောာင်းတနေမိတယ်...မေမေ၊ ပတ်ဝန်းကျင်ဆိုတာ အသိုက်အမြုံတစ်ခုကို အရောင်ပြောင်းစေနိုင်တယ်လို့ အစက.. ဘယ်ယုံကြည့်ခဲ့မှာလဲ ခုတော့...ယုံကြည်စပြုခဲ့ပြီကော၊ အေးချမ်းတဲ့ အရိပ်မြုံတစ်ခုကို ရုတ်တရက် အမဲရောင်ပြောင်းသွားစေခဲ့တယ် လေနောက် ပါသူပါ အတောင်ကျိုးလို့ ဖေါင်ပျက်ကာ မျောသူမျောပေါ့၊ စစ်မကြေငြာပဲ အလစ်ဝင်တိုက်တာထက်ဆိုးတယ် ခံလိုက်ရတာ ကြေကြေမွမွပဲ ဒါကို.. ကျီစာတာဆို ကဲ...ကံကြမ္မာ ပြန်ဆက်လို့ မရတော့တဲ့ ကျိုးပျက်မှု့တစ်ခုကို မင်း.. ဘယ်လိုကုစားမလဲ ပြော..၊ ပြန်မပြင်နိုင်တဲ့ အမှားမျိုးတွေ ကြူးလွန်ခဲ့ကြတာ မဟုတ်လို့ ဘယ်အကြွေးတွေမှ ပြန်ဆပ်စရာမလိုဘူး မေမေ..၊ လိပ်ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သွားတတ်တာ သဘာဝပါ..၊ တိမ်ပေါ်လျှောက် မြောက်နေမှ လူလို့ ခေါ်ကြစတမ်းဆို သားတော့ .. ရေအောက်ပဲ ငုပ်နေတော့မယ်... မေမေ။ Read more
Comments
Post a Comment
ကျေးဇူးတင်ပါတယ်.. တခုခုပြောခဲ့ပါအုံး